ကဝ မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ပန်းအလှထိုးနည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ပန်းအလှထိုးနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းကို ဖွင့်လှစ်ကာ တက်ရောက်လာသည့်သင်တန်းသား၊ သင်တန်းသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သင်တန်းနည်းပြများက စက်ဝိုင်းပုံပန်းထိုးနည်း၊ ပန်းခြင်းပန်းထိုးနည်း၊ ယပ်တောင်ပုံ ပန်းထိုးနည်းစသည့် ပန်းအလှထိုးနည်းပညာရပ်များကို စာတွေ့လက်တွေ့ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြသည်။
အဆိုပါ ပန်းအလှထိုးနည်းသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့မှအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းမှဝါသနာရှင်များ စုစုပေါင်းသင်တန်းသား ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)