ကဝ မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အားကစားကွင်းတွင် ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်အတွင်း စိတ်လေလွင့်မှုမရှိဘဲ အားကစားကို စိတ်ပါဝင်စားစွာ လေ့ကျင့်စေခြင်းဖြင့် စိတ်ဓာတ်နှင့် အကျင့်စာရိတ္တမြင့်မားကာ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
အဆိုပါသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်စသည့်တို့ကို သင်ကြားပေးရာ သင်တန်းသို့ ကဝမြို့နယ်အတွင်းရှိ အားကစားကို စိတ်ပါဝင်စားသော ကျောင်းသား/ကျောင်းသူ (၈၀) ဦးတို့ တက်ရောက်သင်ကြားလျှက်ရှိပြီး သင်တန်းကာလမှာ မတ်လ (၈) ရက်နေ့မှ မတ်လ (၂၈) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)