ပဲခူးတိုင်းဒေသကြီး

ကန့်ဘလူခရိုင်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် ဇီးကုန်းမြို့တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအ ဖွဲ့၏ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၆၀၀၃ ဒသမ ၄၉၂ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။

ပေါင်းတည်၌ ကာယပညာနှင့်အားကစားအခြေခံ နည်းပြမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကာယပညာနှင့် အားကစားအခြေခံ နည်းပြမွမ်းမံသင်တန်းဆင်းပွဲကို အ-ထ-က(ပေါင်းတည်) ပညာရတနာခန်းမတွင် ယမန်နေ့ညနေ ၃နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသုံးကုန်နှင့်စားသောက်ကုန်မျိုးစုံအား ရွေ့လျားမော်တော်ယာဉ်ကြီးဖြင့် ရောင်းချပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် MSME ဒေသထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသုံးကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံအား ယနေ့နံနက်ပိုင်းမှစတင်၍ ရွေ့လျားမော်တော်ယာဉ်ကြီးဖြင့် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိသည်။

အုတ်တွင်းမြို့နယ်၌ နွေစပါးစံကွက် ရိတ်သိမ်းခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာ၊ ကွင်းအမှတ် (၃၅၈-ခ) ဦးပိုင်အမှတ်(၃/၅)၊ စိုက်ဧက (၅)ဧကရှိ တောင်သူ ဦးတရုတ်ကြီး၏ စပါးသီးနှံမျိုး အောင်နိုင်တိုး(YSR-1) နွေစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်

၂၀၂၅ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၁) နာရီက ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့မှ အာရုံဆွမ်းဆက်ကပ်လှူဒါန်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူပေါင်း၍ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၀၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။

မိုးညိုမြို့၌ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက နွေရာသီကျောင်းပိတ်ရက်တွင် စာကြည်တိုက်သို့လာရောက်၍ စာပေငှားရမ်းဖတ်ရှုကြသည့် မျိူးဆက်သစ်လူငယ် ကျောင်းသား၊ ကျောင်းသူများနှင့် ဆောင်ရွက်ခဲ့ကြသည်။

မင်းလှ၌ မြို့နယ်အဆင့် ကာယပညာနှင့်အားကစားမွမ်းမံသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကာယပညာနှင့်အားကစားမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း၌ ယနေ့ နံနက် ၉ နာရီချိန်က ပြုလုပ်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး