ကန့်ဘလူ မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် ဇီးကုန်းမြို့တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအ ဖွဲ့၏ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၆၀၀၃ ဒသမ ၄၉၂ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ကင်းတပ်လက်ဝဲတူး မြောင်းရှိ မြောင်းကူးတံတားပြုပြင်ခြင်း၊ ရေထုတ်ပေါက်အထွက်ပိုင်း ရေတိုက်စားမှုအား Gabion Box ချ၍ပြုပြင်ခြင်း၊ မီးဘေးသင့်ပြည်သူများအတွက် နေအိမ် ၁၀၀ လုံးတည်ဆောက်ခြင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်ရေး စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်း၊ ရုံးသုံးစက်ကိရိ ယာများ၊ ပရိဘောဂများနှင့် ဆက်စပ်ပစ္စည်းများဝယ်ယူခြင်း၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ CCTV များ ဝယ်ယူတပ်ဆင်ခြင်း၊ ကျေးလက်နေပြည်သူများ ဆက်သွယ်သွားလာမှု လွယ်ကူလျက်မြန်စေရေးအတွက် ကျေးရွာချင်းဆက်လမ်းများ၊ ကျေးရွာတွင်းလမ်းများ ဖောက်လုပ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရေးတို့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်း၊ မြို့တွင်းလမ်းများ အဆင့်မြှင်တင်ဖောက်လုပ်ခြင်း၊ ကွန်ကရစ်တံတား Box Culvert များ တည်ဆောက်ခြင်း၊ ကတ္တရာလမ်းများချဲ့၍ ထပ်ပိုးလွှာခင်းခြင်း၊ ကျောက်ချောလမ်းများ အကျယ်ချဲ့၍ ကွန်ကရစ်လမ်းခင်းခြင်း၊ မိုးတွင်းကာလ ကားလမ်းမပေါ်ရေကျော်မှုဖြစ်သည့်နေရာများ၌ ကျောက်စီ ကမ်းကပ်နံရံနှင့်သံကူကွန်ကရစ်ကြမ်းခင်း Box Culvert များ တည်ဆောက်ခြင်း၊ အုတ်ရေမြောင်းပြုလုပ်ခြင်း၊ ရေပိုက်များပြုပြင်ခြင်း၊ စက်ယန္တရားများပြုပြင်ခြင်း၊ ၄ လက်မစက်ရေတွင်း တူးဖော်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ စံချိန်မီကြိုးများ အစားထိုးလဲလှယ်ခြင်း၊ ထရန် စဖော်မာဝန်းခြံအသစ်များ တည်ဆောက်ခြင်း၊ ဖီဒါများ အသစ်လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)