ပေါင်းတည်၌ ကာယပညာနှင့်အားကစားအခြေခံ နည်းပြမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

ပေါင်းတည် မေ ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကာယပညာနှင့် အားကစားအခြေခံ နည်းပြမွမ်းမံသင်တန်းဆင်းပွဲကို အ-ထ-က(ပေါင်းတည်) ပညာရတနာခန်းမတွင် ယမန်နေ့ညနေ ၃နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာကျောင်း အားကစားနှင့်ကာယပညာကော်မတီဝင်တစ်ဦးက အနာဂတ်လူငယ် ကျောင်းသား၊ ကျောင်းသူများ အားကစားနှင့်ကာယပညာ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့​သည်။

ထို့နောက် သင်တန်းသူတစ်ဦးက သင်တန်းသား၊ သင်တန်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းသားများက စုပေါင်းကိုယ်လက်လေ့ကျင့်ခန်းဖြင့် သရုပ်ပြသခဲ့ကြသည်။

အဆိုပါသင်တန်း၌ ကိုယ်လက်လေ့ကျင့်ခန်း၊ အခြေခံကြံ့ခိုင်ရေးလေ့ကျင့်ခန်း၊ အခြေခံအားကစားနည်းများနှင့် Fitness Exercise များကို မေလ ၂ရက်မှ မေလ ၄ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ ၄၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေသား (IPRD)