အုတ်တွင်း မေ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာ၊ ကွင်းအမှတ် (၃၅၈-ခ) ဦးပိုင်အမှတ်(၃/၅)၊ စိုက်ဧက (၅)ဧကရှိ တောင်သူ ဦးတရုတ်ကြီး၏ စပါးသီးနှံမျိုး အောင်နိုင်တိုး(YSR-1) နွေစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် ခရိုင်စိုက်ပျိုးရေး/မွေးမြူရေး ကြီးကြပ်မှုအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် မြို့နယ်စိုက်ပျိုးရေး/မွေးမြူရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ ဒေသခံတောင် သူများ တက်ရောက်ခဲ့ကြောင်းနှင့် နွေစပါးများ ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း အစိုတင်း (၁၂၈)၊ အခြောက် တင်း(၁၂၀ ဒသမ ၃၂) တင်းနှုန်း ထွက်ရှိခဲ့ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဆန်းဦးထံမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)