ပေါင်းတည် မေ ၅
၂၀၂၅ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၁) နာရီက ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များစုပေါင်း၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အား အမှူးထား၍ သံဃာတော်(၅) ပါးတို့အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်များထံမှ ငါးပါးသီလခံယူခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားနာယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား (IPRD)