ပန်းတောင်းမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ပန်းတောင်း    မေ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နွေစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်အုပ်စု၊ ရေဝင်ကွင်း ကွင်းအမှတ်(၉၈)၊ ဦးပိုင်အမှတ် (၆၃/၁) တောင်သူဦးထွန်းကြည်၏ အောင်နိုင်တိုးမျိုးစပါးစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ ​မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဒေါအေးအေးသင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိဦးလင်းလင်းထွန်းနှင့် ဝန်ထမ်းများ၊ ဒေသခံ တောင်သူကြီးများတက်ရောက်ခဲ့ကြောင်းသိရသည်။

ထို့နောက် နတ်မောက်အုပ်စု၊ ရေဝင်ကွင်း ကွင်းအမှတ်(၉၈)၊ ဦးပိုင်အမှတ်(၆၃/၁) တောင်သူဦးထွန်းကြည်၏ အောင်နိုင်တိုးစပါးစိုက်ခင်း (၅.၀၀)ဧက အားစံကွက်ရိတ်သိမ်းရာ တစ်ဧက ပျမ်းမျှ စပါး ၁၁၀ ဒဿမ ၉၅ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)