အုတ်တွင်း မေ ၈
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အုတ်တွင်းမြို့နယ်အတွင်းရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွား သောရပ်ကွက်/ကျေးရွာအုပ်စု(၃၂)အုပ်စုမှ အိမ်ထောင်စု(၅၇၀)စု၊ လုံးဝပျက်စီးလူနေတဲအိမ်(၄)လုံးတို့အတွက် (၁)လုံးလျှင် ငွေကျပ်(၁၀၀,၀၀၀)နှုန်း၊ လုံးဝပျက်စီးလူနေတိုက် အိမ်(၃၁)လုံးတို့အတွက် (၁)လုံးလျှင်ငွေကျပ် (၂၀၀,၀၀၀)နှုန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၅၃၅)လုံးတို့အတွက် (၁)လုံးလျှင်ငွေကျပ် (၅၀,၀၀၀)နှုန်း၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၃၃,၃၅၀,၀၀၀)နှင့် လုံးဝပျက်စီးလူနေအိမ်(၃၅)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၃၅)ပုံး၊ ငလျင်ဘေးသင့်လူဦးရေ ကျား(၁၂၂၈)ဦး၊ မ(၁၃၄၆)ဦး၊ ပေါင်း(၂၅၇၄)ဦးတို့အတွက် (၁)ဦး လျှင် ဆန်ရိက္ခာဖိုး(၅,၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၁၂,၈၇၀,၀၀၀)၊ လုံးဝပျက်စီးဘုန်းတော်ကြီးကျောင်း (၁၀) ကျောင်းတို့အတွက် (၁) ကျောင်းလျှင် ငွေကျပ် (၂၀၀,၀၀၀)နှုန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၂၇)ကျောင်းတို့အတွက် (၁)ကျောင်း လျှင်ငွေကျပ် (၅၀,၀၀၀)နှုန်း၊ စုစုပေါင်းကျောင်းဆောက်ပစ္စည်းထောက်ပံ့ငွေကျပ် (၃,၃၅၀,၀၀၀)၊ စုစုပေါင်းငွေကျပ် (၄၉,၅၇၀,၀၀၀)အား ယမန်နေ့နံနက် ၁၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အိမ်ဆောက်ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး မြင့်ဇော်နှင့် တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချစ်စမ်းဦးတို့က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသော ရပ်ကွက်/ ကျေးရွာအုပ်စု(၃၂) အုပ်စုမှ အိမ်ထောင်စုများနှင့် ဘုန်းတော်ကြီးကျောင်းတို့အား တာဝန်ရှိသူ အသီးသီးက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါကြောင်း ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိထံမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)