သနပ်ပင်မြို့နယ်၌ မြို့မဈေးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်သူ မဲဆန္ဒရှင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက်(၉)နာရီအက မြို့မဈေးတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။