ပန်းတောင်း အောက်တိုဘာ ၉
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပုံမဲပေးနည်း အသိပညာပေးပိုစတာများကို အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လူစည်ကားရာလမ်းဆုံလမ်းဂွများ ဆင်တဲ၊ ပန်းတောင်း၊ ဥသျှစ်ပင်တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ပိုစတာများစိုက်ထူခြင်းကို ပန်းတောင်းမြို့ မင်းရပ်ရပ်ကွက် ပန်းဧရာပန်းခြံရှေ့၊ ဆင်တဲကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာ ဇက်ဆိပ်ဟောင်းရှေ့နှင့် ဥသျှစ်ပင်မြို့ လျှပ်စစ်ရုံးဝန်းအနီးတို့၌ စိုက်ထူခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲကော်မရှင်ဦးစီးအရာရှိ ဒေါ်အိသင်ဇာကျော်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရန်လင်းအောင်၊ မြို့မရဲစခန်းမှ စခန်းမှူးဒုတိယရဲမှူး ဦးမျိုးမင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ မြန်မာအီ လက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးခြင်းလုပ်ငန်းစဥ်များအတိုင်း ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၊ မဲဆန္ဒရှင်ပြည်သူများကို အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)