လက်ပံတန်းမြို့၌ အမှိုက်များကို အမျိုးအစားလေးမျိုးခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချနိုင်ရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် အမှိုက်များအား အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၁၀နာရီက အထက(၁) နဝဒေးခန်းမ၌ ပြုလုပ်ခဲ့သည်။