ပေါင်းတည်၌ ဌာနဆိုင်ရာများနှင့် ဘုံကထိန်သင်္ကန်းများ စုပေါင်းဆက်ကပ်လှူဒါန်းမည်

ပေါင်းတည် အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းကြမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

နှစ်စဉ် စုပေါင်းလှူဒါန်းဆက်ကပ်လျက်ရှိသည့် ဘုံကထိန်သင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကထိန်သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းဝတ္ထုအစုစုတို့အတွက် ပဒေသာပင် စိုက်ထူထားလျက်ရှိရာ ဌာနဆိုင်ရာများက လာရောက်ထည့်ဝင်လှူဒါန်းလျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင် ရပ်ရွာပြည်သူများကလည်း သဒ္ဒါထက်သန်စွာဖြင့် ပူး‌ပေါင်းပါဝင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ထို့အပြင် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများနှင့် စိုက်ပျိုးရေး၊ မြေစာရင်း၊ စက်မှုလယ်ယာ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနများကလည်း ကျေးလက်တောင်သူများနှင့်ပူးပေါင်း၍ ကထိန်လိုအပ်သော ဘုန်းတော်ကြီး‌ကျောင်းများတွင် ကထိန်သင်္ကန်းများကပ်လှူ၍ အလှူဒါနများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

ရွှေသား (IPRD)