ရွှေတောင်မြို့နယ်တွင် လူနေအိမ် (၂) လုံး မီးလောင်မှုဖြစ်ပွား

ရွှေတောင် အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားတိုင်းကျေးရွာအုပ်စု၊ ရှားတိုင်းကျေးရွာတွင် အောက်တိုဘာလ ၇ ရက်နေ့ ညနေ (၆)နာရီက လူနေအိမ်လူနေအိမ်(၂) လုံး မီးလောင်ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ရှားတိုင်းကျေးရွာအုပ်စု၊ ရှားတိုင်းကျေးရွာနေ ဦးအောင်မြင့်နေအိမ်တွင် သီတင်းကျွတ်လ ဆီမီးပူဇော်ရာမှ ဖယောင်းတိုင်လဲကျပြီး ဘေးဘက်ရှိ အဝတ်အစားထည့်ထားသည့် ပုံးအား ကူးစက်၍ စတင်လောင်ကျွမ်းခဲ့ပြီး ၄င်းနေအိမ်၏ အနောက်ဘက်ကပ်လျက်ရှိသည့် နေအိမ် တစ်စိတ်တစ်ပိုင်းသို့ မီးကူးစက်လောင်းကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း  ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မယာမာန်နယ်မြေ မီးသတ်စခန်းမှသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်စာရေးကျေးရွာအုပ်စုမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများမှ မီးသတ်ယာဥ် (၃) စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ (၈း၀၅)နာရီချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူ/ တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးဘေးသင့်အိမ်ထောင်စု (၂) စုအား နီးစပ်ရာ ဆွေမျိုးများ နေအိမ်သို့ပို့ဆောင်ထားရှိကြောင်း သိရသည်။

မီးကိုပေါ့ဆစွာသုံးစွဲသူအား ညောင်စာရေး ရဲကင်းမှဒုရဲအုပ် ချစ်ကိုကိုသွင်မှ မီးလောင်မှုဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)