ပဲခူးတိုင်းဒေသကြီး

ပေါက်ခေါင်းမြို့နယ်၌ "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းကျင်းပသော "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး" ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန "Community Centre" ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်တွင် မြေပြင်ကွင်းဆင်း တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးထားရှိသည့် ကျေးရွာအုပ်စုများသို့ မြေပြင်ကွင်းဆင်း၍ တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့၌ မိုးစပါးစိုက်ခင်းများတွင် စုပေါင်းဓါတ်မြေဩဇာကြဲပက်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ အောင်ပင်သာကျေးရွာအုပ်စု၊ ကျွဲဘိကျေးရွာမှ တောင်သူဦးထွန်းမြင့်၏အောင်နိုင်တိုးမိုးစပါး လယ်ဧက ၁၀ တွင် စုပေါင်းမြေဩဇာကြဲပက်ပွဲကို ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။   

တောင်ငူမြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်​​ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ တောင်ငူမြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို သြဂုတ် ၂၄ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၅၃၅) သိန်း ထုတ်ချေးပေးလျက်ရှိ

ပဲခူးဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တောင်သူလယ်သမားများ အထွက်နှုန်းကောင်းမွန်စေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေစေရေးတို့အတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း (၅၃၅) သိန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယမန်နေ့ နံနက်ပိုင်းက ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်း စိုက်ပျိုးထားမှု အခြေအနေအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းဆောင်ရွက်သည့် အသင်းသားများ၏ အောင်နိုင်တိုးမျိုးစပါးစိုက်ခင်းများတွင် သွင်းအားစုများထည့်သွင်းနေမှုကို သြဂုတ် ၂၄ ရက်နေ့ နံနက်ပိုင်းက ပဲချက်ကုန်းကျေးရွာ၊ တောင်သူ ဦးညွန့်အောင်၏ စိုက်ခင်း၌ ကွင်းဆင်းကြီးကြပ်ကြည့်ရှုခြင်း ဆောင်ရွက်သည်။

ဝေါမြို့နယ်၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၂၄ ရက် နံနက် (၁၀) နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါက်ခေါင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Unique Identity ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric ကောက်ယူပြီး (UID) Unique Identity ထုတ်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်၌ ဩဂုတ် ၂၅ ရက်နေ့က ဆောင်ရွက်ပေးသည်။

ပြည်မြို့ရှိ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်(ပြည်)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်(ပြည်)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၂၀ ရက်က ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်းစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမဦးစီးဌာနမှတိုင်းဦးစီးမှူးဒေါ်ချောစုလိူင်နှင့်အဖွဲ့သည် ကမာဖရံကျေးရွာအုပ်စုအတွင်းရှိ "ဒိုင်းမွန်း" စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းသားတောင်သူဦးစိုးမင်း၏ လယ်တွင်မိုးစပါးစံပြကွက်စိုက်ပျိုးထားရှိမှုနှင့်အောင်နိုင်တိုးစပါးမျိုးဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းကကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး