ပဲခူးတိုင်းဒေသကြီး

ညောင်လေးပင်မြို့၌ ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၅)ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၅)ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။

ရေတာရှည်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာ ရှည်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်းစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သမဝါယမဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ချောစုလိူင်နှင့် အဖွဲ့သည် ကမာဖရံကျေးရွာအုပ်စုအတွင်းရှိ "ဒိုင်းမွန်း" စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသား တောင်သူဦးစိုးမင်း၏ လယ်တွင် မိုးစပါးစံပြကွက်စိုက်ပျိုးထားရှိမှုနှင့် အောင်နိုင်တိုးစပါးမျိုးဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ယမန်နေ့ မနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းလှမြို့ လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်သဘင်အစည်းအရုံးအစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမ၌ မြို့နယ်သဘင်အရုံးအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် အမျိုးသမီးကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူများအား ကြိုဆိုဂုဏ်ပြုပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် အားကစားခန်းမ၌ ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူများအား ကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

ပြည်မြို့နယ်စိမ်းလန်းစို‌ပြည်ရေး တတိယအကြိမ် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် စိမ်းလန်းစိုပြည်ရေး တတိယအကြိမ် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်က  ပြည်-ပေါက်ခေါင်းကားလမ်းမှ ပြည်မြို့နယ် မုဌောကျေးရွာ လက်သည်းရေကန်ဓမ္မရိပ်သာအထိ လမ်းဘေးဝဲ/ယာ၌ ကျင်းပခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် ငလျင်သင့်အိမ်ထောင်စုများ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ငလျင်ဘေးသင့်အိမ်ထောင်စုများ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က ကျောက်တံခါးမြို့ ဆုတောင်းပြည့်ကျောင်းတိုက်၌ ပြုလုပ်သည်။

နတ်တလင်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့ အထတွင် ပျော်မွေ့လာစေရန်အတွက် အခြေခံပညာကျောင်းများကိုအခြေခံ၍ ကျင်းပသည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (နတ်တလင်း)တွင် စည်ကားသိုက် မြိုက်စွာကျင်းပခဲ့သည်။

သာယာဝတီမြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာနလုပ်ငန်းများ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန်နှင့် ဦးစီးအရာရှိများပါဝင်သောအဖွဲ့သည် ဩဂုတ်လ(၂၃)ရက်နေ့နံနက်ပိုင်းတွင် သာယာဝတီမြို့နယ်၊ သစ်ရာကုန်းကျေးလက်ကျန်းမာရေးဌာနသို့ကွင်းဆင်း၍ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး