ဧရာဝတီတိုင်းဒေသကြီး

တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မအူပင်မြို့ရှိပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မြစ်တွင်းသွား ရေယာဉ်(စက္ခု) ဆေးရုံရေယာဉ်(ရွှေပုဇွန်)သည် ယမန်နေ့နံနက် ၈ နာရီအချိန်က မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာရှိမဟာသတိပဋ္ဌာန်ကျောင်းတိုက်သို့ရောက်ရှိပြီး မြို့နယ်အတွင်းရှိ ‌ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဗဟိုအဆင့်သွားရောက်ယှဥ်ပြိုင်ရာ၌ မြန်မာတစ်နိုင်ငံလုံးတွင် ပထမဆုရရှိသူနှင့် တိုင်းအဆင့်ပထမဆုရရှိသူတို့အား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၁) ကျောင်းမှ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဗဟိုအဆင့်သွားရောက်ယှဥ်ပြိုင်ရာ၌ မြန်မာတစ်နိုင်ငံလုံးတွင် ပထမဆုရရှိသူ  Grade -6 ကျောင်းသူ မမေလင်းသန့်နှင့် တိုင်းအဆင့်ပထမဆုရရှိသော Grade -5 ကျောင်းသား မောင်ဖြိုးဝဏ္ဏဗိုလ်တို့အား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးစျေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ရပ်ရွာမီးဘေးလုံခြုံရေးနှင့် မီးလောင်မှုများ ဖြစ်ပွားလာပါက အချိန်မီငြှိမ်းသတ်နိုင်ရေး ပြည်သူပါဝင်သော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းများအား စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ (၂) နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းအား မြို့နယ်စီမံခန့်ခွဲ​ရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ စျေးကော်မတီဝင်များ၊ စျေးသူ၊ စျေးသားများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး ၊ ဒု-မဲရုံမှူး သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးဖွင့်လှစ်သော မဲရုံမှူး၊ ဒု-မဲရုံမှူးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း) သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ငပုတောမြို့နယ် ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒု-မဲရုံမှူး သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲမှမဲရုံမှူး၊ ဒု-မဲရုံမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အခြေခံပပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဇလွန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခင်ပြည့်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို​ ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခင်ပြည့်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ပညာရေးမှူးရုံးရှိ "မြတ်ပညာ"ခန်းမ၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဖျာပုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဂုဏ်ပြုပွဲနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အ.ထ.က(၃) ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဂုဏ်ပြုပွဲနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့ အ.ထ.က(၃) ကျောင်းမြမဥ္ဇူခန်းမ၌ ကျင်းပသည်။

ဖျာပုံမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက မဲပေးစက်ဆိုင်ရာ အသိပညာပေးရှင်းလင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းနှင့်တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်အတွင်းရှိ  မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် (MEVM) စက်ဆိုင်ရာများ၊ မဲစာရင်းကိစ္စရပ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ခွဲဝင်များ၊ နိုင်ငံရေးပါတီဝင်များနှင့် တွေ့ဆုံပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖျာပုံမြို့၊ သီရိအဏ္ဏာဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း မော်လမြိုင်ကျွန်းမြို့နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “မော်ဧရာ” အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲတို့နှင့် တွေ့ဆုံပွဲကျင်းပသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး