ဘိုကလေးမြို့နယ်၌ မိုးစပါးရာသီ Rice Export Zone (REZ) အစီအစဉ်တွင် ပါဝင်ဆောင်ရွက်သူများအား  စိုက်ပျိုးစရိတ်ချေးငွေများပေးအပ်

ဘိုကလေး ဇူလိုင် ၂၄   

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ် ရုပ်ဆိုင်ကျေးရွာအုပ်စု၊ ဇေယျာသိင်္ဂီဝင်း ဆန်စက်၌ ယမန်နေ့ နံနက် (၁၁)နာရီ အချိန်တွင် Rice Export Zoneဆောင်ရွက်သည့် Arise Co; Ltd မှ Export Zone (၅၃၇၂.၀၀) ဧကတွင် ပါဝင်ဆောင်ရွက်သည့် မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့်စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားပြုလုပ်ခဲ့ရာမြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များ၊ Exporter ကုမ္ပဏီတာဝန်ခံနှင့်ဝန်ထမ်းများ၊  Export Zone ဆောင်ရွက်သော မိုးစပါးစိုက် တောင်သူများတက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ မြို့နယ်အဆင့်လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှုး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ညီညီထွဋ်မှ Export Zone ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လုပ်ငန်းတာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)