ဧရာဝတီတိုင်းဒေသကြီး

ကန်ကြီးထောင့်မြို့နယ်၊ (အ.ထ.က) တကုန်းကြီးစာသင်ကျောင်းဝန်းအတွင်း၌ (၂)ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာအုပ်စု၊ (အ.ထ.က) တကုန်းကြီးစာသင်ကျောင်းဝန်းအတွင်း၌ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာဦးစီးဌာနမှ တင်ဒါခေါ်ယူရာ ငွေကျပ်သန်း ၅၈၄.၅၀၅ ဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ဆန်းအလင်းသစ်ကမ္ပဏီမှ ဆောက်လုပ်မည့် (၁၀၀×၃၀)ပေ RCC(၂)ထပ် ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက တကုန်းကြီးကျေးရွာရှိ (အ.ထ.က) တကုန်ကြီးစာသင်ကျောင်းဝန်းအတွင်း အဆိုပါမြေနေရာတွင် ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ ဟင်္သာတမြို့နယ်အတွင်း ကျေးရွာများရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်း၊ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး  ဦးစောလင်းခယ်နှင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ဖောင်ဆိပ်ကျေးရွာတွင် ကျေးရွာများရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်း၊ ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ဒီရေတောသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၁ဝ) နာရီတွင်  ဘိုကလေးမြို့၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်(၆၂)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း(သဲဖြူ)တွင် ဗဟုသုတတိုးပွားစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်၊ ဗလငါးတန် ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းရှေး ကွင်းပြင်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင်းမှ ဆန်စက်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနက ယနေ့နေ့လယ် (၂)နာရီအချိန်တွင် မြို့နယ်တွင်းရှိ ဆန်စက်များသို့ ကွင်းဆင်း၍ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အိမ်မဲမြို့ အ.ထ.က (၁) ကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်းတွင် ၂၀၂၅ ခုနှစ်၊ လူရည်ချွန်ဂုဏ်ပြုဆု၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်အောင်မြင်အောင် သင်ကြားပေးသော ဆရာ/မများ၊ ကျောင်းတွင်း ပညာရည်ချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို အဆိုပါကျောင်း၏ ရွှေညီလာခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကိုယနေ့တွင် ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် World Visoin (Einme)တို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအခမ်းအနား (ငါးနှစ်အောက်နှင့်ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်) အား မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာရေးဆရာ အောင်သင်း ရေးသားသော “ကိုယ့်ကိုကိုယ် ပြဋ္ဌာန်းခြင်း”စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် အ.မ.က (လေးအိမ်တန်း) တွင်စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်တိုင်းရင်းဆေးဖြင့် ဆေးကုသပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ထိန်ငူကျေးရွာ အ.မ.က (ကျုံခရီပိုင်း) ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊တိုင်းရင်းဆေးကုဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့်ဆေးကုသပေးခြင်းကို ယမန်နေ့နံနက် (၁၁) နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး