အိမ်မဲ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်းတွင် ၂၀၂၅ ခုနှစ်၊ လူရည်ချွန်ဂုဏ်ပြုဆု၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်အောင်မြင်အောင် သင်ကြားပေးသော ဆရာ/မများ၊ ကျောင်းတွင်း ပညာရည်ချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို အဆိုပါကျောင်း၏ ရွှေညီလာခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အ.ထ.က(၁) ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်း ဂုဏ်ပြုသီဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာသန်းဌေးက ဂုဏ်ပြုအဖွင့်အမှာစကားများ၊ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်သင်းသင်းလွင်က အမှာစကားများနှင့် အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာလင်းလင်းခိုင် ကကျေးဇူးတင် စကားများကို အသီးသီးပြောကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အ.ထ.က(၁) အိမ်မဲ Grade-9 လူရည်ချွန် မဇွန်မီမီမောင်အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ရာ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးများဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ၊ဆရာများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အ.ထ.က(၁) အိမ်မဲ Grade-9 နှင့် Grade-5 ထူးချွန်စွာအောင်မြင်သူများ၊ သင်ကြားပေးသော ဆရာမများ ကျောင်းတွင်းပညာရည်ချွန်ဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်