ဘိုကလေးမြို့နယ်တွင်းမှ ဆန်စက်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ဘိုကလေး ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနက ယနေ့နေ့လယ် (၂)နာရီအချိန်တွင် မြို့နယ်တွင်းရှိ ဆန်စက်များသို့ ကွင်းဆင်း၍ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်စွာဝင်းနှင့်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ဆန်စက်များ၌ မီးဘေးလုံခြုံရေးအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများထားသိုမှု အခြေအနေများ၊ လျှပ်စစ်မီးသွယ်တန်းသုံးစွဲမှု အခြေအနေများအား စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး ဆန်စက်ပိုင်ရှင်များ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ မီးဘေးလုံခြုံရေးအတွက် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့် အချက်များအား ဆွေးနွေးအသိပညာပေးခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)