ဘိုကလေး ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၁ဝ) နာရီတွင် ဘိုကလေးမြို့၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်(၆၂)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်နိုင်ဖြိုးနှင့်သစ်တော ဝန်ထမ်းများ၊ ချောင်းဗြဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများအင်အား (၇၀)ဦး ခန့်တက်ရောက်ပြီး တက်ရောက်ကြသူများအားလုံး စုပေါင်း၍ ဒီရေတောပျိုးပင်ဖြစ်သည့် သမဲ့ကြီး(၁၀၀၀)ပင် ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)