လပွတ္တာမြို့နယ်၌ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

လပွတ္တာ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ရှမ်းစုကျေးရွာ တမံချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လပွတ္တာ- မြောင်းမြကားလမ်းဘေးတွင် ကျင်းပသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်-၁ ဦးစန်းမင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်း၊ မြို့နယ်ဦးစီးဌာနမှူး ဦးထွန်းဝင်းအောင်နှင့်ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်မိခင်ကလေးနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ငါးခုံမကြီးကောင်ရေ (၁) သိန်း၊ ငါးမြစ်ချင်းကောင်ရေ (၁) သိန်း၊ စုစုပေါင်း ကောင်ရေ (၂) သိန်းကို ရှမ်းစုကျေးရွာတမံချောင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)