ညောင်တုန်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းနားသို့ မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဦးမျိုးကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များတက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲစဉ်အဖြစ် သဇင်ရေကျော်ပိုက်ကျော်ခြင်းအသင်းနှင့် မိုးဟုတ်ပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးမျိုးကျော်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလားရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက် (၂၃)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် သဇင်ရေကျော်အသင်းအား ဆုဖလားနှင့် ငွေသားဆုများကိုလည်းကောင်း၊ ဒုတိယဆုရရှိသော မိုးဟုတ်အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ တတိယဆုရရှိသော ဆင်ထုံးအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ စတုတ္ထဆုရရှိသော ရန်ကင်းစံရာအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)