မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်များ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒီဇင်ဘာလလယ်ခန့်မှ စတင်စိုက်ပျိုးခဲ့ကြသည့် ဆောင်းကြက်သွန်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတွင် ကျေးလက်နေတောင်သူများ လယ်ယာသုံးစက်ကိရိယာ အစိတ်အပိုင်းများ သိရှိနားလည်ပြီး စက်ကိရိယာများ လွယ်ကူစွာတပ်ဆင်နိုင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းနိုင်ခြင်း၊ စနစ်တကျကိုင်တွယ်မောင်းနှင်ခြင်းလုပ်ငန်းများ ပိုမိုကျွမ်းကျင်စေခြင်း၊ ထိရောက်အောင်မြင်စွာ အသုံးချတတ်စေခြင်း၊ ပိုင်နိုင်ကျွမ်းကျင်စွာ အသုံးပြုနိုင်မည့် တောင်သူများ ဖြစ်လာနိုင်ရန်နှင့် ကျေးလက်နေတောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နက်ပိုင်းက လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် (GRADE-5) နှင့် အခြေခံပညာအထက်တန်းအဆင့် (GRADE-9) စာပေးပွဲဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် (GRADE-5) နှင့် အခြေခံပညာအထက်တန်းအဆင့် (GRADE-9) စာပေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၃) ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဂုဏ်ရောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ပန်းချီပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့်နှင့် မူလတန်းပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်တက္ကသိုလ်အဆင့် ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းမှတ် တက္ကသိုလ်အဆင့် ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

မြစ်သားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြလေ့ကျင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေး၊မီးသတ်ဆေးဘူများ အသုံးပြုတတ်စေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က လက်တွေ့ပြသဆောင်ရွက်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)မြို့မရဲစခန်းရှိ ၀န်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့်  ရှေးဦးလက်တွေ့ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) မြို့မရဲစခန်း၌ ၀န်ထမ်းများအား မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေး‌ဟောပြောခြင်းနှင့် ရှေးဦးမီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြမှုများအား ယနေ့နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သူနာပြုတက္ကသိုလ်(မန္တလေး)၊ ပထမနှစ်သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်)(၁၁/၂၀၂၄)သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်

သူနာပြုတက္ကသိုလ်(မန္တလေး)၊ ပထမနှစ်သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)(၁၁/၂၀၂၄) သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း‌ပေါ်ရှိ အဆိုပါတက္ကသိုလ် ပင်မ(၆)ထပ်ဆောင်၊ ဘက်စုံခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သူနာပြုတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာခင်ဝင်းစိန်၊ ဆေးတက္ကသိုလ်နှင့်ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး) များ၊ ဆေးရုံအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် သူနာပြုတက္ကသိုလ်-မန္တလေး ပထမနှစ် သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)(၁၁/၂၀၂၄) သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

သူနာပြုတက္ကသိုလ်-မန္တလေး၊ ပထမနှစ်သူနာပြုသိပ္ပံဘွဲ့(ပုံမှန်) (၁၁/၂၀၂၄) သင်တန်းမှ ကျောင်းသား၊ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါတက္ကသိုလ် ပင်မ(၆)ထပ်ဆောင်၊ ဘက်စုံခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆေးရုံအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သာစည်မြို့မရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီကမြို့မ၌ရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး