မန္တလေးတိုင်းဒေသကြီး

ပုသိမ်ကြီး မြို့မရဲစခန်း၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှုများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များသည် မြို့မရဲစခန်းတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါစခန်းအတွင်း ဆောင်ရွက်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်ခိုင်ကျော်၊ မြို့မရဲစခန်းမှူး ဝင်းထွဋ်နှင့်တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများ စုစုပေါင်းအင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

သာစည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၃ ရက်က မြို့ပေါ်ရပ်ကွက်နှစ်ခုနှင့်ကျေးရွာသုံးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာစည်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြတ်သူရထံက သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ကျင်းပ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့သတ္တမအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇×၂၈ လမ်းကြား၊ ၈၈×၈၉ လမ်းကြားရှိ မဟာလောကရံသီ အိမ်တော်ရာစေတီတော်၊ ရတနာဃရ ၁၄ ခန်း ဓမ္မဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီ ၁ ပိဿာလျှင် (၈၃၇၅/-) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား  ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြီးကြပ်၍ စားအုန်းဆီ (၁) ပိဿာလျှင် (၈၃၇၅/-) ကျပ်နှုန်းဖြင့် ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာ ကုန်ဆုံဆိုင်ရှေ့တွင် ယမန်နေ့မွန်းလွဲ (၁၂) မှညနေ (၃) နာရီအချိန်ထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေဝါသနာရှင်များဖြစ်သည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ အကြိမ်(၃၀)မြောက် ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ ပထမနေ့ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဩဝါဒါစရိယဆရာတော်ကြီးများ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ အကြိမ် (၃၀) မြောက်  ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ  ဒုတိယနေ့ကို ဖေဖော်ဝါရီ  ၃ ရက် မွန်းတည့် ၁၂ နာရီက ရမည်းသင်းမြို့ သာသနာ့ဂုဏ်ရောင်ဓမ္မဗိမ္မာန်တော်ကြီးတွင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်၌   အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေး ပထမအဆင့် ရေးဖြေစာမေးပွဲ ကျင်းပ

အမရပူရမြို့နယ်ရှိပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာ၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် နေ့သင်တန်းတွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေး ပထမအဆင့် ရေးဖြေစာမေးပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အဆောင်-၃၁ ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့အတွင်း ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍  မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်ကြီးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြင်းခြံဗဟိုအကျဉ်း‌ထောင် ဥယျာဉ်ခြံထွက် ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်းများဖြင့် ဝန်ထမ်းများအား ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံဗဟိုအကျဉ်းထောင် ဥယျာဉ်ခြံမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ဝန်ထမ်းများအား ရောင်းချပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချပေးခဲ့ ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို “ စာပေရတနာ” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို “စာပေရတနာ”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မွေကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး