မန္တလေးတိုင်းဒေသကြီး

မိတ္ထီလာမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့၌ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့၌ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ မြေပြင်ကွင်းဆင်းကြီး ကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂ ရက်နေ့က ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦး‌ဇော်‌အောင်လေးနှင့်အဖွဲ့ဝင်များ၊ ဝမ်းတွင်းမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါပြီး မိတ္ထီလာမြို့နယ်၊ ကန်နီကျေးရွာနှင့် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ၊ ရွာရှည်ကျေးရွာနှင့် ကျွတ်ကန်ကျေးရွာတို့ရှိ  တောင်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ခရိုင်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မီးသုံးစွဲမှု စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က သံလျှက်မှော်တောင်ရပ်ကွက်၊ ဒေါနခြံရပ်၊ အကွက် (၄၄၇) သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဇေယျာအောင်သံ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်နှင့်မိတ္ထီလာမြို့နယ်တို့တွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁ ရက်နံနက် ၁၀ နာရီက ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါပြီး မကျီးကန်ကျေးရွာနှင့်ဘိုကုန်းကျေးရွာတို့မှ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ် မုံပင်ကျေးရွာတွင်း လူကူးတံတား ပြန်လည်ပြင်ဆင်ပြီးစီးမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ရာဂီမုန်တိုင်းအရှိန်ဖြင့် မိုးများစွာရွာသွန်းခြင်းနှင့် တောင်ကျရေစီးဆင်းမှုများကြောင့် ပြည်ညောင်ကျေးရွာအုပ်စု မုံပင်ကျေးရွာတွင် တည်ရှိသော အရှည် ၁၂၀ ပေ၊ အကျယ် ၆ ပေရှိ မုံပင်-သဲလုံးချောင်းလူကူးတံတားကြမ်းခင်းများပြတ်ထွက်ပြီး ရေစီးနှင့်မျောပါမှုများဖြစ်ခဲ့ရာ သွားလာမှုလမ်ကြောင်း ပြတ်တောက်မှုမရှိစေရေးအတွက် အမြန်ဆုံး ပြန်လည်ပြုပြင်ခဲ့ရာ ပြန်လည်ပြုပြင်ပြီးစီးမှုကို ဇန်ရီ ၃၁ ရက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

မြင်းခြံမြို့ အထက(၂)ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က မြင်းခြံမြို့ အထက (၂) ကျောင်းတွင် ပြုလုပ်ခဲ့သည်။

မြင်းခြံမြို့တွင် (၄၃) ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားဝင်းအတွင်းတွင် (၄၃) ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နေ့လယ်(၁) နာရီအချိန်တွင် လောင်းလှူခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ အ-ထ-က (၃) ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က မြင်းခြံမြို့ အ-ထ-က (၃) ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် တစ်နိုင်တစ်ပိုင်ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ မြေယာပိုင်ဆိုင်မှု နည်းပါးသူများနှင့် အိမ်ဝိုင်းကွက်လပ်အကျယ်ပိုင်ဆိုင်သူများသည် နေ့စဉ်ဝင်ငွေရရှိရေး မိမိတို့ပိုင်ဆိုင်သည့် မြေနေရာကျဉ်းကျဉ်းတွင် တစ်နိုင်တစ်ပိုင်ကာလတို ဟင်းသီး၊ ဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချသူများ နေ့စဉ် ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နှင့် မြစ်သားမြို့ကြား ရန်ကုန်-မန္တလေးကားလမ်းကြီးတွင် စနစ်တကျအမှိုက်စွန့်ပစ်ရေး ဆိုင်းဘုတ်စိုက်ထူးခြင်း စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ကျောက်ဆည်မြို့နှင့်မြစ်သားမြို့ကြား ရန်ကုန်-မန္တလေးကားလမ်းမကြီးတွင် စနစ်တကျ အမှိုက်စွန့်ပစ်ရေး စာသားများပါသည့် ဆိုင်ဘုတ်များစိုက်ထူးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ လမ်းဘေးဝဲ/ယာရှိ ကျေးရွာပြည်သူများက ပညာပေးသရုပ်ပြ စုပေါင်းလက်တွေ့အမှိုက်ကောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး