မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မန္တလေးပညာရေးဒီဂရီကောလိပ်တွင် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်
မန္တလေးပညာရေးဒီဂရီကောလိပ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါ ဒီဂရီကောလိပ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် အားကစားပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။