ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှု မီးလန့်မှုများ မဖြစ်ပွားစေရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်အဆောက်အဦများ မီးလောင်ဆုံးရှုံးမှု မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှုများ၊ သန္ဓေတပ်ဖွဲ့ဝင် အရန်အင်အား(၂၉) တို့ဖြင့် ယနေ့နံနက်၉နာရီက (ဇ)ရပ်ကွက်၊ အိမ်ခြေ (၁၅၀) ခန့်အား တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းများဆောင်ရွက်၍ ပြည်သူများအား မီးသုံးစွဲမှုများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/မီးကပ်/ရေ/သဲနှင့် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိရေး မှာကြားခဲ့ပြီး မီးဘေးလုံခြုံရေး ပညာပေးစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်