မြင်းခြံ ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ.ထ.က-ခွဲ (အလင်းရောင်) ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ် (၁) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအးနွဲ့က တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမားများနှင့် ပတ်သက်၍ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားဖြစ်သွားပါက ကျောင်းတက်ရန် အခွင့်အလမ်း ရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတန်မီ ကျောင်းမှ မဖြစ်မနေထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သောအလုပ်ကို အချိန်ကြာမြင့်စွာလုပ်ကိုင်ရန် လိုအပ်ခြင်း၊ ကလေးအလုပ်သမားများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာသင်ယူရေးအတူ လုပ်ဆောင်နိုင်ရေး စသည်ဖြင့် ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် သုတ/ ရသစာအုပ်များ ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)