မဟာအောင်မြေ ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၁၃) အ.ထ.ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး ဆွေလွင်အောင်၊ အဖွဲ့ဝင်(၂) ဦးထွန်းထွန်းဝင်း၊ မြို့နယ်ရဲမှူး စည်သူကျော်နှင့် ဒုမြို့နယ်ပညာရေးမှူး ဦးလွမ်းဇေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာနေရသူများ စုစုပေါင်းအင်အား (၂ဝ၀)ဦးခန့် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ မဟာအောင်မြေမြို့နယ်၊ ရပ်ကွက်များအတွင်းရှိ ယာယီနေရပ်စွန့်ခွာနေရသူ တစ်ဦးလျှင်၂၀၀၀ဝိ/-ကျပ်နှုန်းဖြင့်(၂၅၂၁)ဦး အား စုစုပေါင်း ထောက်ပံ့ငွေ (၅၀၀၄၂၀၀ဝိ/-)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း