မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့ သီရိမင်္ဂလာရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေ နည်းဥပဒေများအကြောင်း အသိပေးရှင်းလင်း

မန္တလေတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည်နိုင်စေရန်၊ ရပ်ကွက်/ ကျေးရွာများအလိုက် ကွင်းဆင်းဟောပြောရှင်းလင်းလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂)နာရီက သီရိမင်္ဂလာရပ်ကွက် ဓမ္မာရုံတွင် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ မန္တလေးတက္ကသိုလ်နှစ် (၁၀၀)ပြည့်အခမ်းအနားနှင့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက နဂါးပရိယတ္တိစာသင်တိုက်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် အခမ်းအနားနှင့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအားလိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မြစ်သားမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံနေကြာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု) သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံနေကြာနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု) သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်းရှိ မြို့ရှောင်လမ်း၊ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်းများခင်းခြင်းလုပ်ငန်းနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်းရှိ မြို့ရှောင်လမ်း၊ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်းများခင်းခြင်းလုပ်ငန်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြုံတွေ့လာရပါက အထိရောက်ဆုံးနှင့် အလွယ်ကူဆုံး တုံ့ပြန်ရှင်းလင်နိုင်စေရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦး‌ဆောင်၍ (ဈ)ရပ်ကွက်၊ စက်မှုဇုန်(၁)ရှိ Unilever EAC Myanmar C.,Ltd. ၏ ဆပ်ပြာစက်ရုံ၌ ယနေ့နံနက် ၁၀ နာရီက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ရတနာပုံတက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အားပေး

၂၀၂၅ ခုနှစ်ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကျရောက်သည့် ရတနာပုံတက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရတနာပုံတက္ကသိုလ်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စီမံဝန်ထမ်းများ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ သုတေသနစာတမ်းရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၆၀၀၀ ဦးကျော် တက်ရောက်ကြသည်။

ငါန်းဇွန်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများ အသုံးပြုနိုင်ရန် ယနေ့နံနက် ၇ နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း  ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)တွင် အသုံးပြုသော Oxygen Plant O2P 29 စက် ပြင်ဆင်အပ်နှံခြင်း၊ ရေငွေ့စုပ်စက်၊ လေစုပ်စက်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)တွင် အသုံးပြုသော Oxygen Plant O2P 29 စက်အား အလှူရှင်မိသားစုမှ ပြင်ဆင်အပ်နှံခြင်း၊ ရေငွေ့စုပ်စက်(၁)လုံးနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)တွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် နွေစပါးနှင့် နွေသီးနှံများ လျာထားစိုက်ဧကပြည့်မီရေး ရေပေးတူးမြောင်းများအလိုက် ရေလှည့်စာရင်းများအား ရှင်းလင်းဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေစပါးနှင့် နွေသီးနှံများ လျာထားစိုက်ဧကပြည့်မီရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းများတွင် တောင်သူများနှင့်တွေ့ဆုံပြီး ရေပေးတူးမြောင်းများအလိုက် ရေလှည့်စာရင်းများအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြ လေ့ကျင့်မှုများပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အေးမြကြည်လင်ဈေးတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီက ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီး ဌာနနှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး