မလှိုင်မြို့နယ် သမဝါယမဦးစီးဌာနမှ ဝါသီးနှံအထွက်နှုန်းတိုးတက်စေရန် B-31 မျိုးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် သမဝါယမဦးစီးဌာနမှ အသင်းသားတောင်သူများ၏ ဝါသီးနှံများအထွက်နှုန်းတိုးတက်စေရန်နှင့် ဝင်ငွေတိုးတက်စေရန်အတွက် အထွက်တိုးမျိုးဖြစ်သော B-31 နှင့် သွင်းအားစုများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။