ငါန်းဇွန် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများ အသုံးပြုနိုင်ရန် ယနေ့နံနက် ၇ နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ (မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့)မှ တာဝန် ရှိသူများပူပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး ဆေးဆိုင်တာဝန်ရှိသူများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)