မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ (၁၇) ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ဖြေဆိုရမည့် စာမေးပွဲစစ်ဌာနများတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီ မှ မွန်းလွဲ ၁ နာရီအချိန်ထိ ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး) အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်းအစီအစဉ်ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှစတင်ဖြေဆိုခဲ့ရာ ယနေ့ မတ်လ ၇ ရက်နေ့တွင် သိပ္ပံဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား နံနက် ၉ နာရီတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (Grade-5, Grade-9) ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသက် (၂) လမှ (၅၉) လအထိ  က‌လေးငယ်များအား ပိုလီယို‌‌ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများမှ ရပ်ကွက်/ ကျေးရွာများရှိ အသက် (၂) လမှ (၅၉) လအထိ က‌လေးငယ်များအား ပိုလီယို‌‌ကာကွယ်တိုက်‌ကျွေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ မိခင်နှင့်ကလေးကျန်းမာရေး ဌာနရုံးခန်းတွင် ကာကွယ်ဆေးများ တိုက်‌ကျွေးပေးခဲ့ကြောင်း သိရသည်

ပျော်ဘွယ်မြို့နယ် ချောင်းမကြီးဝါသီးနှံမျိုးသန့်ခြံတွင် ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဝါသီးနှံအလိုက် အဆင့်ခွဲခြားသတ်မှတ်ဝယ်ယူနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အဓိကသီးနှံဖြစ်သည့် ဝါသီးနှံကို စိုက်ပျိုးလျက်ရှိရာ ဝါသီနှံပန်းတိုင်အထွက်နှုန်းရရှိရေး၊ ထွက်ရှိလာသည့် ဝါသီးနှံများအပေါ် အဆင့်ခွဲခြားသတ်မှတ်ဝယ်ယူနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို မတ်လ (၆) ရက်၊ နံနက် (၁၀) နာရီက ချောင်းမကြီး ဝါသီးနှံမျိုးသန့်ခြံတွင် ကျင်းပခဲ့သည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်  လမ်းဂွကျေးရွာမှ ရွာသာလမ်းဆုံအထိ ရန်ကုန်-မန္တလေး ကားလမ်းဘေး(ဝဲ/ယာ) တစ်လျှောက်တွင်သန့်ရှင်းသာယာလှပစေရေးအတွက်သန့်ရှင်းရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လမ်းဂွကျေးရွာမှ ရွာသာလမ်းဆုံအထိ ရန်ကုန်-မန္တလေးလမ်းမကြီးလမ်းဘေး  (ဝဲ/ယာ)တစ်လျှောက်တွင် သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းတစ်လျှောက်၌ သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေးနှင့် လစဉ်ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အဆင့်လုပ်ငန်းစွမ်း‌ဆောင်ရည်ဆု၊ မြို့နယ်အဆင့် သီးနှံစိုက်ပျိုးမှု အထူးဆုတို့ကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ ရေကြီးရေလျှံမှုလျော့နည်းစေရေး၊ သဘာဝအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးတွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ် သမန္တလင်းကျေးရွာတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း အသိညာပေးဟောပြာပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာများသိရှိစေရန်နှင့် လိုက်နာဆောင်ရွက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀) နာရီက ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး မီးခိုးမြူငွေညစ်ညမ်းမှုအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး