ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၁၄) ညောင်နီတွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်း တောမီးနှင့် အခြားအကြောင်းအရင်းအမျိုးမျိုးကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်းအား လျှော့ချစေရန်၊ ကြိုတင်ကာကွယ်တားဆီးခြင်းများ ဆောင်ရွက်နိုင်စေရန်နှင့် ပြည်သူလူထုအတွင်း ပတ်၀န်းကျင် ထိန်းသိမ်းရေး အသိပညာရပ်များ တိုးပွားလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၄) ညောင်နီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။