မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၁၈ ခု၊ ကျေးရွာတွင်း ဆိုလာရေသန့်စင်စနစ် တပ်ဆင်ခြင်းလုပ်ငန်း ၄ ခု၊စုစုပေါင်းလုပ်ငန်း ၂၂ ခုကို ကျေးရွာတစ်ရွာလျှင် စီမံကိန်း ပံပိုးရန်ပုံငွေ ကျပ် သိန်း ၁၅၀၊  စုစုပေါင်း ပံ့ပိုးရန်ပုံငွေ သိန်း ၂၇၀၀နှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေ ကျပ်သိန်း ၁၀၄.၅၁၀ ကို အသုံးပြု၍ ၂၀၂၄ခုနှစ် သြဂုတ်လအတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ၎င်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် အဖွဲ့ဝင်များက ကျေးရွာနေပြည်သူများထံသို့ လုပ်ငန်း လွှဲပြောင်းမှတ်တမ်းလွှာများကို အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)