မန္တလေးတိုင်းဒေသကြီး

မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်အပ်သော ရတနာပုဏ္ဏဝရဒါဌာဓာတုစေတီယ စွယ်တော်မြတ်စေတီတော် (မန္တလေး) ဘက်စုံမွမ်းမံပြုပြင်ထိန်းသိမ်းခြင်းအတွက် အလှူငွေများ လှူဒါန်း

အမရပူရခရိုင် အမရပူရမြို့နယ်ရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်အပ်သော ရတနာပုဏ္ဏဝရဒါဌာ ဓာတုစေတီယစွယ်တော်မြတ်စေတီတော်(မန္တလေး) ဘက်စုံမွမ်းမံပြုပြင် ထိန်းသိမ်းခြင်းအတွက် အလှူရှင်များက စေတနာသဒ္ဓါတရားထိုက်တန်စွာဖြင့် အလှူငွေများ လှူဒါန်းလျက်ရှိသည်။

မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းနှင့် နွေစပါးပျိုးခင်းများ အောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ခုနှစ်၊  မိုးကြိုဝါ စိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စားယက်ကန်း လုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီးတစ်ဦးချင်း ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တိုင်းဒေသကြီး အသင်းစုချုပ်နှင့် မြို့နယ်သမဝါ ယမအသင်းပိုင်‌ငွေဖြင့် မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီး ပွား‌ရေးလုပ်ငန်းသမဝါယမအသင်း   အသင်းသားတောင်သူ ဒေါ်ငွေရီလေး  ကွင်းအ မှတ် ( ၅၃၄) က၊ ဦးပိုင်အမှတ် (၇၂/၁)ရှိ စိုက်ဧက (၇.၀၀) ဧကနှင့်ဦးဝင်းဘို ကွင်းအမှတ် (၅၃၄)/င ၊ဦးပိုင်အမှတ် (၂၅/၃)ရှိ စိုက်ဧက (၁.၀၀) ဧကတို့တွင် Rakka-999ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၅) အစည်းအဝေးသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၅) အစည်းအဝေးကို မတ်လ (၃) ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသည့် အားကစားသမားကောင်းများဖြစ်လာနိုင်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်သည့် လူငယ်များဖြစ်လာနိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ ဘက်စုံဖွံဖြိုးတိုးတက်သော နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွက်လာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ (၃) ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အားကစားစပ် ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းအုပ်ချုပ်သူ/ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ ပင်တလည်ကျေးရွာတွင် ကောက်စိုက်စက်ဖြင့် GW-11 နွေစပါး (၃) ဧက စိုက်ပျိုးနေမှုအား ကြည့်ရှု့အားပေး

မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးထွန်းဇော်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား တောင်သူဦးကျော်ငွေထွန်း၏ ကွင်းအမှတ်၂၀၈(က)၊ ဦးပိုင်အမှတ်၂၆/၅ လယ်မြေ (၃) ဧကတွင် ကောက်စက်ဖြင့် GW-11 နွေစပါး စိုက်ပျိုး နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) စုဝေးခန်းမတွင် မတ်လ (၅) ရက် နံနက် (၉) နာရီက မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာတွင်စာဖတ်ခြင်း၏ ကျိုးကျေးဇူးအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာပြည်သူများ၊ လူငယ်လူရွယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေး၊ ငယ်ရွယ်စဉ်မှစတင်ကာ စာပေဖတ်ရှုတတ်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီက မယ်ဇလီအိုင့်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်ရေး၊ မြေပြင်ကွင်းဆင်းစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် (၅.၃.၂၀၂၅)ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က (ဈ)ရပ်ကွက် အကွက်အမှတ် ပပ-၁၂၊ ၆၀အေလမ်း ၁၃၄ နှင့် ၁၃၅ ကြားရှိ နေအိမ်များသို့  မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ရမည်းသင်းမြို့နယ်အတွင်းရှိ ရပ်ကွက်​ကျေးရွာများရှိ အသက် (၂)လမှ (၅၉) လအထိ ကလေးငယ်များအား ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မတ်(၅) ရက် နံနက်ပိုင်းမှစတင်၍ ရမည်းသင်းမြို့နယ်အတွင်းရှိ ရပ်ကွက်​ကျေးရွာများရှိ အသက်(၂)လမှ (၅၉) လအထိ ကလေးငယ်(၁၈၉၄၄)ဦးများအား ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) များ အသုံးပြု၍ ပိုလီယိုရောဂါကာကွယ်ဆေးအရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြာင်း သိရသည်။

ငါန်းဇွန်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-5)နှင့် (Grade-9) နှစ်ဆုံးစာမေးပွဲ တတိယနေ့သင်္ချာဘာသာဖြေဆိုမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်ကတ်ပြား လာရောက်ထုတ်ယူနေမှုအား ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-5, Grade-9)နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှစတင်ဖြေဆိုခဲ့ရာ တတိယနေ့ သင်္ချာဘာသာရပ်အား ယနေ့နံနက် ၉ နာရီတွင်  ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး