ကျောက်ဆည် မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ (၁၇) ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ဖြေဆိုရမည့် စာမေးပွဲစစ်ဌာနများတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ကျင်းပရာတွင် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေစေရေး အမှတ် (၁)၊ အမှတ် (၃)၊ မင်းစု၊ သံရွာအခြေခံပညာအထက်တန်းကျောင်းများတွင် စာဖြေဌာန (၄) ခု ဆောင်ရွက်ထားပြီး အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၈၀၀) ဦး၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၃၅၃) ဦး၊ မင်းစုအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၁၈၄) ဦး၊ သံရွာအခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား/ ကျောင်းသူ (၂၁၇) ဦး စုစုပေါင်း (၁၅၅၄)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် ပညာ ရေးမှူးရုံးမှ သိရသည်။
အောင်ပိုင်ပိုင်ကျော်