ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း (အခမဲ့) ဆက်လက်သင်ကြားပေးလျက်ရှိ

ကျောက်ဆည် ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက တစ်နိုင်တစ်ပိုင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာများ တတ်မြောက်ပြီး မိသားစုအပိုဝင်ငွေမှ စီးပွားဖြစ်ဝင်ငွေ ရရှိရေးအတွက် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း(အခမဲ့) ဆက်လက်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊  သင်တန်းသား/သင်တန်းသူများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးထူထောင်ပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အသက်မွေးဝမ်းကြောင်း သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး  သင်တန်းနည်းပြဆရာမ ဒေါ်အေးအေဝင်းက ဘက်စုံသုံးဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည် ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ(၂၈)ရက်မှ ဧပြီလ(၃၀)ရက်နေ့ အထိ (၃)ရက်ကြာ သင်တန်းသား/သင်တန်းသူ(၂၀)ဦးအား သင်တန်းနည်းပြဆရာမ ဒေါ်အေးအေဝင်းက စာတွေ့၊ လက်တွေ့(အခမဲ့) သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)