မြစ်သား မေ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်သန္ဓေတပ်ဖွဲ့ဝင်များက နေ့စဥ်အဆက်မပြတ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့်တပ်ဖွဲ့ဝင်များ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် ဘုရားအကျိုးတော်ဆောင်ဂေါပကဥက္ကဋ္ဌ ဦးကံညွှန့်နှင့်အဖွဲ့ဝင်များက ဘုရားစောင်းတန်းများ ပြိုကျပျက်စီးခဲ့သည့်အတွက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဘုရားရင်ပြင်တော်အပေါ်ရှိပြိုကျသွားသည့် ရှေးဟောင်မှန်စီထားသော အုတ်ကျိုးများကို ရှင်းလင်းခြင်းနှင့်ပြုပြင်ခြင်းလုပ်ငန်းများကို နေ့စဥ်အဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)