တပ်ကုန်း မေ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းတာဝန်အား သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်အတူ အိမ်ပြန်လာသည့် ပြည်သူ့စစ်မှုထမ်းနှစ်ဦးကို မေ ၂၂ ရက် နံနက်ပိုင်းက အိမ်ပြန်လမ်းတစ်လျှောက် ဂုဏ်ပြုကြိုဆိုခဲ့သည်။
နိုင်ငံတော်နှင့်တပ်မတော်အတွက် စစ်သည်တော်ကောင်းပီသစွာ တာဝန်များကျေပွန်စွာ ထမ်းဆောင်လာခဲ့သူနှစ်ဦး၏ အိမ်အပြန်ခရီးလမ်းအား မိသားစုဝင်များသာမက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ယူရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ ဗိုလ်မင်းရောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများက ဝမ်းသာဂုဏ်ယူစွာဖြင့် ဂုဏ်ပြုပန်းစည်းများ၊ အောင်သပြေပန်းများဖြင့် သိုက်သိုက်ဝန်းဝန်းဂုဏ်ပြုကြိုဆို ခဲ့ပြီးနောက် ပြည်သူ့စစ်မှုထမ်း ခေါ်ယူကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ အသုံး စရိတ်ငွေများပေးအပ်ကာ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်