မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ် သစ်တောဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သစ်တောဦးစီးဌာနမှ သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ် ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှုပပျောက်ရေး၊ ရေချွေတာရေးနှင့် တောင်ယာများ ခုတ်ထွင်ရှင်းလင်းခြင်းမပြုရန် အသိပညာပေးဟောပြောခြင်းကို မေ ၂၃ ရက် ၁၀ နာရီအချိန်က အင်းရင်းကျေးရွာအုပ်စု၊ အင်ရင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ်၌ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ ကျင်းပ

ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စဥ်းစားတွေးခေါ်တတ်စေရန်၊ ဗလငါးတန် ပြည်စုံစေရန်နှင့် အနာဂတ်ကာလတွင် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ကာ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

မိတ္ထီလာခရိုင်၌ သောက်ရေသန့်လုပ်ငန်းများအား တရားဝင်လိုင်စင်ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ သောက်ရေသန့်လုပ်ငန်းများအား တရားဝင်လိုင်စင်ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့က မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦစီးအရာရှိနှင့် သောက်ရေသန့်လုပ်ငန်းရှင် (၃၀)ဦး တက်ရောက်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် နည်းပညာပေး ဆွေးနွေးဟောပြောပွဲများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းတိုးတက်စေရေးနှင့် သဘာဝမြေဩဇာများ စနစ်တကျသုံးစွဲစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပုသိမ်ကြီးမြို့နယ် လက်သစ်ကျေးရွာ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်၌ ရက် (၁၀၀) စီမံချက်အစီအစဉ် မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course)  သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်မှကြီးမှူး၍ အင်္ဂလိပ်စာဌာနမှ ဦးစီပြီး ရက် (၁၀၀) စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်မှုအစီအစဉ်အရ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၂၂ ရက်မွန်းလွဲ ၂ နာရီက အဆိုပါရှိတက္ကသိုလ်ရှိ အားကစားခန်းမ-၂၌ ကျင်းပပြုလုပ်ရာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ မန္တလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာ ခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ အင်္ဂလိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အိအိစိုးမင်းနှင့် သင်တန်းပို့ချပေးခဲ့သည့် ဆရာ၊ ဆရာမများ၊ အမရပူရခရိုင်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ လွှတ်တော် ကိုယ်စားလှယ်ဖလား U -13 ဘောလုံးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြီးမှူး၍ ယမန်နေ့ နံနက် ၇ နာရီက ၅၆ လမ်း၊ ၁၂၇×၁၂၈ ကြားရှိ ထထ-၃၆၊ အားကစားကွင်း၌ လွှတ်တော်ကိုယ်စားလှယ်ဖလား U-13 ဘောလုံးပြိုင်ပွဲ ကျင်းပသည်။

ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် နည်းပညာပေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းတိုးတက်စေရေးနှင့် သဘာဝမြေဩဇာများ စနစ်တကျသုံးစွဲစေရေး ဟောပြောပွဲကို မေ ၂၃ ရက်၊ နံနက် ၉ နာရီအချိန်က မြေနဲလေးကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ပညာပေးဟောပြောဆွေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို မေလ ၁၅ ရက်နေ့မှစတင်၍ ထုတ်ချေး‌နေပြီဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၃၀ ခုနှစ်တွင် ကမ္ဘာပေါ်တွင် ခွေးရူးရောဂါဖြစ်ပွားမှု မရှိရန် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ ခေါင်းစဉ်ဖြင့် ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို၊ ယမန်နေ့ နံနက် ၁၀ နာရီက လယ်ယားတောင် ကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာရှိ ရွယ်လယ်ဓမ္မာရုံတွင် ပြုလုပ်သည်။

မတ္တရာမြို့နယ်၌ ကျောင်းဖွင့်ချိန် ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာစာပေသင်ကြားနိုင်ရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ ကျောင်းဖွင့်ချိန်၌ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ စာပေသင်ကြားနိုင်ရေးနှင့် ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ တပ်မတော်သားများပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က (မတ္တရာ)တွင် မေ၂၃ရက် နံနက် ၇နာရီက  စုပေါင်းသန့်ရှင်းရေးပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး