မြစ်သားမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ကျောင်းအပ်နှံရေးရက်သတ္တပတ်” မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းဆောင်ရွက်

မြစ်သား မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးရက်သတ္တပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို မေ ၂၂ ရက် နံနက် ၈ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် မြစ်သားမြို့အဝင်ဆိုင်း ဘုတ်အနီး၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီသီကျော် (ကျောက်ဆည်) ၊ မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်း‌အောင်နှင့်အဖွဲ့ဝင်များ၊ မြစ်သားမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသီရိနှင့် ပညာရေးဝန်ထမ်းများ၊  မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်  “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်ဖို့ကျောင်းနေအရွယ် ကလေးအားလုံးကျောင်း အပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး ရက်သတ္တပတ်မြေစိုက်ပိုစတာဆိုင်းဘုတ်ကို အ‌မွှေးနံ့သာရည်များပက်ဖျန်းပြီး စိုက်ထူပေးခဲ့ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)