မဟာအောင်မြေမြို့နယ်တွင် ၂၀၂၅ ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲ ဖြေဆို
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊မဟာအောင်မြေမြို့နယ်၊ အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် ဘာသာပြန်ဘာသာရပ်ကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။