ညောင်တုန်းမြို့နယ်၌ "ကျွန်တော့်အ‌တွေးအခေါ်မှတ်စုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ညောင်တုန်း ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ တက်တိုး ရေးသားသော "ကျွန်တော့် အ‌တွေးအခေါ်မှတ်စုများ"စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌဦးစန်းမြင့်က အဖွင့်အမှာ စကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့ဝင် ဦးမြင့်ဟန်နှင့် စာရေးဆရာ မင်းဝေမှူးတို့က ဦးဆောင်၍ "ကျွန်တော့်အ‌တွေးအခေါ် မှတ်စုများ"စာအုပ်ပါ မိမိကိုယ်ကို မိမိပြန်ကြည့်ခြင်း၊ ဘဝ၏သဘော၊ အနှစ်နှင့်အကာသဘော၊ ကံတရားနှင့် ငါ့အမြင် စသည့်အကြောင်းအရာများကို တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ပြီး မူးယစ်ဆေးဝါအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် သုတရသစာအုပ်ပြပွဲများ ပြသခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်ဆက်)