ကျောက်ဆည် ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်းရောဂါ ကူးစက်မှုမရှိစေရေး ကာကွယ်ဆေးများစဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် နောက်ဆုံးအကြိမ်ထိုးနှံပြီး (၆) လပြည့်ပြီးသူများအား ထပ်ဆောင်း ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် လွှမ်းခြုံမှုရှိရေး မြို့နယ်ကိုဗစ်-၁၉ ရာဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံးကြီးတွင် နောက်ဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံပြီး (၆) လပြည့်ပြီးသူ ဝန်ထမ်းများနှင့် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကျား (၄၇၂) ယောက်၊ မ (၉၂၁) ယောက် စုစုပေါင်း (၁၃၉၃) ယောက်ကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်