ကျောက်ဆည် ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကုးလားကျောင်းကျေးရွာအုပ်စု၊ ကုလားကျောင်း အခြေခံပညာမူလတန်း(လွန်) ကျောင်း ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်သစ်အား ကြံ့နှစ်ကောင်ဖောင်ဒေးရှင်း၏ လှူဒါန်းမှုဖြင့် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ကုလားကျောင်း အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် KG တန်းမှ Grade-5 တန်းထိ မူလတန်းကျောင်းသား (၁၃၇)ဦး၊ ကျောင်းသူ (၁၃၀)ဦး စုစုပေါင်း (၂၆၇) ဦး ပညာသင်ကြားလျှက်ရှိပြီး Grade-6 မှ Grade-8 ထိ အလယ်တန်းကျောင်းသား (၄၀) ဦး၊ ကျောင်းသူ (၄၃) ဦး စုစုပေါင်း (၈၃) ဦးနှင့် ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်လတ်အပါဝင် ဆရာ/ ဆရာမ (၁၀) ဦးဖြင့် ကျောင်းသား/ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကုလားကျောင်း အခြေခံပညာမူလတန်း(လွန်)ကျောင်း အသစ်ဆောက်လုပ်လျက်ရှိသော (၁၂၀×၃၀)ပေ ကျောင်းဆောင်သစ်အား ကြံ့နှစ်ကောင်ဖောင်ဒေးရှင်း၏ လှူဒါန်းမှုဖြင့် ဆောက်လုပ်လျက်ရှိရာ ၁၅.၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးဖြစ်ရာ အဆိုပါကျောင်းသည် ကုလားကျောင်းကျေးရွာအုပ်စုတွင် တည်ရှိပြီး ၁၉၅၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်