တံတားဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၂၉၀၀ ဦးကျော် တက်ရောက် ပညာသင်ကြား
၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ ဇွန် ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၂၉၀၆ ဦး အေးချမ်းစွာတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။