ချမ်းမြသာစည် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ချမ်းမြသာစည်မြို့နယ်ရုံး၌ မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ရက် ၁၀၀ စီမံချက်ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာမင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက လုပ်ငန်းဌာနများတွင် မီးသတ်ဆေးဘူးများ ထားရှိအသုံးပြုနိုင်မှု၊ လျှပ်စစ်မီးကြိုးများစနစ်တကျသုံးစွဲထားရှိမှု၊ ရုံးလုပ်ငန်းသုံး ဦးစားပေး- ၁ ၊ ဦးစားပေး- ၂ ဘီဒိုများ စနစ်တကျထားရှိမှု၊ မီးလောင်လွယ်သည့်ပစ္စည်းများ စနစ်တကျ သိုလှောင် ထားရှိမှုနှင့် မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် အခြေအနေများအား စစ်ဆေးပြီး ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)